နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးအပြည့်အဝဆောင် ရွက်ပေးထား၊ နေရပ်ပြန်မည်ဆိုပါက အဆင်ပြေချောမွေစွာ ပြန်နိုင်ရန် စီစဉ်ဆောင်ရွက် ပေးသွားမည်

စစ်တွေ အောက်တိုဘာ ၁၉

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာ ဝင်းမြတ်အေး၊ ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက် ၁၀နာရီက စစ်တွေမြို့ ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းဝေးခန်းမတွင် စစ်တွေမြို့ရှိ နိုင်ငံရေးပါတီများနှင့် လူမှုကွန်ယက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ကြောက်ရွံ့ ထိတ်လန့်မှုကြောင့် နေရပ်မှ ခေတ္တစွန့်ခွာလာ သူများအား စောင့်ရှောက်ထားရှိမှု အခြေအနေနှင့် ၎င်းတို့ နေရပ်သို့ ပြန်နိုင်ရေး အတွက် တပ်မတော်နှင့် မြန်မာနိုင်ငံရဲ့တပ်ဖွဲ့တို့မှ လုံခြုံရေးဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးချပြခဲ့ပြီး နိုင်ငံရေးပါတီများနှင့် လူမှုအဖွဲ့အစည်း များမှ နိုင်ငံတော်အစိုးရ၏ လက်ရှိဆောင်ရွက် နေမှုများကို အဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင်ရွက်စေ လိုပါကြောင်းဆွေးနွေး ခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာ ဝင်းမြတ်အေး၊ ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့ပေါ်ရှိ ယာယီစစ်ဘေးရှောင် ဒုက္ခသည်စခန်းများသို့ သွားရောက်ပြီး ကြောက်ရွံ့ထိတ်လန့် မှုကြောင့် နေရပ်မှ ခေတ္တစွန့်ခွာလာသူများအား တွေ့ဆုံအားပေးစကား ပြောကြားသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စစ်တွေမြို့ စက်ရုံစုရပ်ကွက်ရှိ ဓမ္မာရာမကျောင်းတိုက်နှင့် ကုန်တန်းရပ်ကွက်ရှိ ဘုရားများသိမ် တို့တွင် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများမှ ရောက်ရှိလာသည့် စစ်ဘေးရှောင် ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားပြီး ဆန်ဆီစားသောက်ကုန် ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့သို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့က မောင်တော၊ ဘူးသီးတောင်မြို့နယ်များအား တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့မှ နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် လုံခြုံရေးအပြည့်အ၀ ဆောင် ရွက်ပေး နေကြောင်း၊ လုံခြုံရေး အပြည့်အ၀ ဆောင်ရွက်ထားရှိမှုကြောင့် တည်ငြိမ်အေးချမ်းနေပြီ ဖြစ်ပါ ကြောင်း၊ ကြောက်ရွံ့ထိတ်လန့်မှုကြောင့် နေရပ်မှ ခေတ္တစွန့်ခွာလာသူများ အနေဖြင့် မိမိတို့နေရပ်ပြန်မည် ဆိုပါက အဆင်ပြေချောမွေစွာ ပြန်နိုင်ရန် လုံခြုံရေး အပြည့်အ၀ စီစဉ်ဆောင်ရွက် ပေး သွားမည်ဖြစ်ကြောင်း၊ လတ်တလော စားနပ်ရိက္ခာများ၊ လိုအပ်ချက်များ ဖြည့် ဆည်းပေး မည်ဖြစ်ပါကြောင်း၊ ထို့ပြင် နေရပ်မပြန် လိုသေးဘဲ မိမိတို့ ရပ်ရွာနှင့်နီးသည့် ယာယီအခြေစိုက် စခန်းများတွင် ခေတ္တနေထိုင်လိုပါကလည်း စီစဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

Post Paragraph