ပင်လောင်း မတ် ၁၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း (ပင်လောင်း) ကျောင်းခန်းမ၌ သတင်းအမှား/အမှန်ခွဲခြား သုံးသပ်ရေးနှင့် မူးယစ်ဆေးဝါးဆိုင်ရာအသိပညာပေးဟောပြောပွဲကို နံနက်၁၀က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျောင်းအုပ်ကြီး ဦးဆလိုင်းမြင့်နိုင်က အသိပညာပေးဟောပြောပွဲ ပြုလုပ်ပေး ရခြင်းနှင့် ပတ်သက်၍အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက်ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့ရဲမှူး သက်အောင်က သတင်းအမှားအမှန် အသိပညာပေးနှင့် မူးယစ်ဆေးဝါးအကြောင်းကို လည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပင်လောင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ (တာဝန်ပေး) ဦးထွန်းလင်းက သတင်း အမှန်/သတင်းအမှားများ ၊လုပ်ကြံသတင်းများကို ခွဲခြားသုံးသပ်နိုင်ရန် လည်းကောင်း၊ ပင်လောင်းမြို့နယ် ဥပဒေရုံးဒုတိယဒပဒေအရာရှိ ဒေါ်သဇင်အေးကဉပဒေအကြောင်း သိကောင်းစရာများအကြောင်းကို လည်းကောင်း ဟောပြောပေးခဲ့ကြောင်း သိရသည်။ထို့နောက် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်းမှ ကျောင်းအုပ်ကြီးဦးဆလိုင်းမြင့်နိုင်က အသိပညာပေးဟောပြောပွဲနှင့်ပတ်သက်၍ နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲသို့ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမ များ၊ဝန်ထမ်းများနှင့်ကျောင်းသား/သူများ တက်ရောက်ကြပြီး အခမ်းအနားကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။