နေပြည်တော် မတ် ၂၄
နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးတွင် ယနေ့ နံနက် ၉ နာရီခွဲက လွိုင်လင်ခရိုင် မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ လွိုင်လင်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေး ရုံးဝန်ထမ်းများ၊ လွိုင်လင်ခရိုင် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများဖြင့် သဘာဝဘေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ပညာရေးဆွေးနွေးဟောပြောခြင်း၊ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများအား စနစ်တကျစုဖွဲ့ လေ့ကျင့်ဆောင်ရွက်ခဲ့ကြကြောင်း လွိုင်လင်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးဟန်ဝင်းအောင်ထံမှ သတင်းရရှိပါသည်။
Post Paragraph
Paragraph Images