တန့်ယန်းမြို့နယ်၌ ကျေးရွာချင်းဆက်လမ်းနှင့် Box Culvert ၁၀ စင်း တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

တန့်ယန်း မတ်လ ၂၅
    ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၇၃ ဒသမ ၂၃၂ သန်းဖြင့် ဆောင်ရွက်ခဲ့သော လွယ်စေး ကျေးရွာ အုပ်စု ပန်မောင်- ကုန်းကော်- ဟွေပူ- ပါဖန်-လုံတွေ- နမ့်ပိန် ကျေးရွာချင်းဆက် လမ်း ၆/၅ မိုင်လမ်း တာချဲ့ခြင်းလုပ်ငန်းနှင့် ယင်းလမ်းပေါ်၌ ၅x၅x၂၆ ပေ Box Culvert ၁၀ စင်း တည်ဆောက်ခြင်း လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး ပြီဖြစ်ကြောင်း သိရသည်။
    အဆိုပါလမ်း ဖောက်လုပ်ဆောင်ရွက်ပေးခြင့်ဖြင့် အနီးအနားကျေးရွာများရှိ လူဦးရေ ၁၉၂၅ ဦးခန့်၏ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုး တက်လာမည်ဖြစ်ပြီး ဒေသအတွက် များစွာအကျိုးပြုသည့်လမ်းဖြစ်ကြောင်း သိရသည်။

Post Paragraph