နယ်စပ်ရေးရာ၀န်ကြီးဌာန အမြဲတမ်းအတွင်း၀န် ဦးရဲနိုင်သည် ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ကယားပြည်နယ်များသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး
နေပြည်တော် ဇန်နဝါရီ ၁၉ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်သည် (၁၁-၁-၂၀၁၇) ရက်နေ့မှ (၁၇-၁-၂၀၁၇) ရက်နေ့အထိ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သည့် ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ကယားပြည်နယ်များသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ပါသည်။