နယ်စပ်ရေးရာဝန်ကြီးဌာနက လူသားချင်းစာနာထောက်ထားမှုအကူအညီများ ထောက်ပံ့ပေးအပ်

နေပြည်တော် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်
     နယ်စပ်ရေးရာဝန်ကြီးဌာနက ရခိုင်ပြည်နယ်၊ မောင်တောမြို့ (မြောက်ပိုင်း) ရှိ နှစ်ဖက် လူ့အဖွဲ့အစည်း မိသားစုများအား လူသားချင်းစာနာ ထောက်ထားမှု အကူအညီ ရိက္ခာများ ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနားအား ယနေ့နေ့လည် (၁) နာရီအချိန်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းနှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြပါသည်။

standard

အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးအဖွဲ့၏ ဒုတိယအကြိမ်ညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်
    မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့အောက်ရှိ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးအဖွဲ့၏ ဒုတိယ အကြိမ်ညှိနှိုင်း အစည်းအဝေးအား ယနေ့နံနက် (၁၀:၀၀)နာရီအချိန်တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည် ဖော်ရေးအဖွဲ့ ဥက္ကဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် တက်ရောက် အမှာစကားပြောကြားခဲ့ ပါသည်။

standard

မဲနယ်တောင်တန်းမှာ ငြိမ်းချမ်းရေးရောင်ခြည်ဖြာခဲ့သောကြောင့်

ကျွန်တော့်ရဲ့မှတ်ဉာဏ်စွမ်းရည်တွေ သည်လောက်တောင် လျော့ပါးသွားပြီလားဆိုသည့်အတွေးဖြင့် ကိုယ့်ကိုယ်ကိုယ် မကျေမနပ်ဖြစ်ခဲ့မိသည်ကတော့အမှန်ပင်။ ကြည့်လေ ၁၉၈၄- ၁၉၈၅ နှစ်များက မကြာခဏ ဝင်လိုက်ထွက်လိုက်၊ ဖြတ်လိုက် သန်းလိုက်ပြုလုပ်ခဲ့ဖူးသော ရွာလေးတွေ (ယခုတော့ ရွာကြီး တွေ)။ ဆီဆိုင်-လွယ်ထွဲ-ထီရီး(ပွန်ရမ်း)-မိရဲ-တောရ-ပြင်သာ ယာ-ထွေဖူး-လွယ်ပွတ်မှတစ်ဆင့် ဆိုက်ခေါင်ကို ပြန်ဝင်လာ သည်အထိ ဆိုက်ခေါင်ကလွဲလို့ ဘယ်ရွာကိုမှ ကျွန်တော်မမှတ် မိတော့။ ပြောရလျှင် ဆိုက်ခေါင်တောင်မှ သည်နှစ်ထဲမှာတစ် ခေါက် ဆေးရုံဖွင့်ပွဲအခမ်းအနားတက်ရင်း ပြန်ရောက်ဖူးထား ၍သာ အမြင်စိမ်းမနေခြင်း ဖြစ်ချိမ့်မည်။ သြော် ပြန်တွက

standard

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား အမေရိကန်နိုင်ငံသံအမတ်ကြီး လာရောက်တွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာလ ၁၆ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရဲအောင် အား အမေရိကန်နိုင်ငံသံအမတ်ကြီး H.E.Mr. Scot Marciel သည် ယနေ့ မွန်းလွဲ (၃) နာရီခွဲ အချိန်တွင် ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

standard