May 2017

ရေလိုအေး၍ ပန်းနှယ်မွှေးကြပါစေ

အမြင့်ပျံရေသုံးသွယ်
လွန်ခဲ့သော ၁၅ နှစ်ခန့်က အတိအကျဆိုရလျှင် ၂ဝဝ၂ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့က ကြေးမုံသတင်းစာ၌ ဆောင်းပါးရှင် ရတနာစည်ဆရာတော်(လွိုင်လင်)ရေးသားချီးမြှင့်ခဲ့သော ဆောင်းပါးတစ်ပုဒ်၏ အမည်ဖြစ်ပါသည်။ ဆရာတော်ရေးဖွဲ့ တင်စားခဲ့သော အမြင့်ပျံရေသုံးသွယ်ဆိုသည့် အဓိပ္ပာယ်ကို ကျွန်တော်နှစ်ခြိုက်သဘောကျခဲ့သဖြင့် ထိုဆောင်းပါး ပါဝင်သည့် စာအုပ်လေးအား ယနေ့တိုင် တရိုတသေသိမ်းဆည်း ထားခဲ့သည်။

standard

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် လက္ကာကျေးရွာတံတား ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ မေ ၈ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၁၀၇.၀၀) ဖြင့် ဆောင်ရွက်ခဲ့သော ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် လက္ကာကျေးရွာ ပေ (၆၀) လက္ကာတံတား ဖွင့်ပွဲအခမ်းအနားကို  ယနေ့ နံနက် (၈) နာရီအချိန်တွင် အဆိုပါတံတား၌ ကျင်းပခဲ့ပါသည်။

standard

၂၀၁၆− ၂၀၁၇ ဘဏ္ဍာနှစ်ရန်ပုံငွေ (၇၈၀)သန်းဖြင့်ဆောင်ရွက်ခဲ့သော တမူးမြို့ ရေပေးဝေရေး လုပ်ငန်းဖွင့်ပွဲကျင်းပ

၂၀၁၇၊ နေပြည်တော် မေ ၆ ရက်
          နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်သည် မေ ၄ ရက် နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့သို့ရောက်ရှိကာ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၁၆− ၂၀၁၇ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ်သန်းပေါင်း (၇၈၀)ဖြင့်ဆောင်ရွက်ခဲ့သော တမူးမြို့ပေါ် (၄)ရပ်ကွက် ရေပေးဝေရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

standard