နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီးမှ အစားထိုးဖွံ့ဖြိုးမှုလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဇူလိုင်လ ၈ ရက်
အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးအဖွဲ့ ဥက္ကဌ၊ နယ်စပ်ရေးရာ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် (၇-၇-၂၀၁၇) ရက်နေ့မှ (၈-၇-၂၀၁၇) ရက်နေ့အထိ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကယားပြည်နယ်ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပင်လောင်းမြို့နယ် နောင်တရားဒေသအတွင်းရှိ ကျေးရွာအုပ်စု (၄) အုပ်စုသို့ ကွင်းဆင်း စစ်တမ်းကောက်ယူခြင်း လုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။