စီမံကိန်းများ
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြားပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဆောင်ရွက်ဆဲနှင့်ဆောင်ရွက်ပြီးစီမံကိန်းများ
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ပူးပေါင်း၍ ၁၉၉၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၄၂.၈၈၆ သန်းဖြင့် မွန်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် နယ်စပ်ဒေသများတွင် ဘိန်းအစားထိုးသီးနှံ အဖြစ် ပန်းဂျုံ စမ်းသပ်စိုက်ပျိုးခြင်း၊ နည်းစနစ်များအား ဒေသခံတောင်သူများအား သင်ကြားပို့ချ ပေးခြင်း၊ ပန်းဂျုံ ထွက်ကုန်ပစ္စည်းများအား ပြည်တွင်း၊ ပြည်ပဈေးကွက်ရရှိအောင် ဆောင်ရွက်ပေး ခြင်း၊ လမ်းဖောက် လုပ်ပေးခြင်း၊ အရေးပေါ်ထောက်ပံ့ပေးခြင်း၊ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး နှင့် အသက်မွေးဝမ်း ကျောင်းမှု မြှင့်တင်ရေးလုပ်ငန်းများအား အကောင်အထည်ဖော်
Swiss Agency for Development and Cooperation- SDC နှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနနှင့် Swiss Agency for Development and Cooperation- SDC တို့ပူးပေါင်း၍ ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၆.၆၄၃ သန်းသုံးစွဲ၍ ကရင်ပြည်နယ် ကော့ကရိတ်၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီး၊ သံတောင်ကြီးမြို့နယ်များနှင့် မွန်ပြည်နယ် ရေး၊ ဘီးလင်း၊ မုဒုံ၊ သံဖြူဇရပ်၊ သထုံမြို့နယ်များတွင် စာသင်ကျောင်း ဆောက်လုပ်ခြင်း၊ ကျောင်းအိမ်သာ ပြုပြင်ခြင်း၊ ကျောင်းသုံးပရိဘောဂများ ပံ့ပိုးခြင်း၊ ကျေးလက်ကျန်းမာရေး ဌာနခွဲပြုပြင်ခြင်းနှင့် အသစ်ဆောက်လုပ်ခြင်း၊ ရေတွင်းဟောင်းများ ပြုပြင်ခြင်း၊ စိမ့်စမ်းရေသွယ်တန်းခြင်း၊ ရေစစ်ပုံးများပံ့ပိုးခြင်း၊ စွမ်းဆောင်ရည် မြှင့်တင်ခြင်း သင်တန်းပေးခြင်း၊ ရွာတွင်း တံတားငယ်နှင့် ရေမြောင်းများ
ထိုင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု
မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့နှင့် ထိုင်းနိုင်ငံ မူးယစ် ဆေးဝါးထိန်းချုပ်ရေး ဘုတ်အဖွဲ့ (ONCB – Office of Narcotic Control Board) တို့ ပူးပေါင်းပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင် တို့တွင် ဘိန်းစိုက်ပျိုးမှုပပျောက်ရန်အတွက် ရေရှည်တည်တံ့သော အစားထိုးအသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် မယ့်ဖားလုံဖောင်ဒေးရှင်းတို့ အနေဖြင့် စီမံကိန်းလုပ်ငန်းများအား ပူးတွဲ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။
အင်ဒိုနီးရှားသမ္မတနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနနှင့် အင်ဒိုနီးရှားသမ္မတနိုင်ငံတို့ ပူးပေါင်း၍ ၂၀၁၃ ခုနှစ် ၂၀၁၄ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၁.၀၀၀ သန်းဖြင့် မူလတန်း စာသင်ကျောင်း ၄ ကျောင်းအား ရခိုင်ပြည်နယ် မင်းပြား၊ ဘူးသီးတောင်၊ မောင်တော မြို့နယ်တို့တွင် ဆောက်လုပ်ပေးခဲ့ပါသည်။
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နှင့် ပူးပေါင်းဆောင်ရွက်မှု
ဂျပန်သံရုံး၏ အစီအစဉ်ဖြင့် ဂျပန်နိုင်ငံ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်အတူ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (World Food Programme - WFP) မှ မြန်မာနိုင်ငံ ဆိုင်ရာ ညွှန်ကြားရေးအရာရှိ ဖြစ်သူ Mr. Bradley Guerrant သည် ၂၀၀၃ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့မှ သြဂုတ်လ ၅ ရက်နေ့အထိ ကိုးကန့်ဒေသအတွင်း ဘိန်းမစိုက်တောင်သူများ စားနပ်ရိက္ခာ ပြတ်လပ်မှု အခြေအနေကို ကွင်းဆင်းလေ့လာခဲ့ရာ ဒေသခံတောင်သူများ စားနပ်ရိက္ခာ ပြတ်လပ်ပြီး အခက်အခဲအမှန်တကယ် ကြုံတွေ့လျှက်ရှိကြောင်း ဗန်ကောက်အခြေစိုက် WFP Regional ရုံးသို့ ထောက်ခံတင်ပြခဲ့ခြင်းမှ အစပြု၍ အရေးပေါ်ထောက်ပံ့ရေး စီမံကိန်းများနှင့် ရေရှည်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး စီမံကိန်းများအား အဆင့်ဆင့်တိုးချဲ့ ဆောင်ရွက်ခဲ့ပါသည်။