October 2017
နေပြည်တော်မှာ တစ်ထောက်နားလို့ အင်းလေးကိုတဲ့ သွားကြမယ်
သည်ချိန်၊ သည်ခါ၊ သည်ကာလရောက်ပြီဆိုမှဖြင့် ကျွန်တော်တို့ရုံးရှေ့မှာ အလွန် လှပသော၊ အရောင်အသွေးစုံသော၊ မွှေးရနံ့တို့ သင်းထုံပျံ့လွင့်နေသော ပန်းခင်းကြီး တစ်ခင်းက ပေါ်ပေါက်လာစမြဲဖြစ်သည်။ မွှေးရနံ့ဟု ဆိုရာမှာလည်း ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ စုံစုံညီညီရောက်ရှိလာသော စံပယ်လို တစ်မျိုး၊ နှင်းဆီလို တစ်ဖုံ၊ ခတ္တာလို တစ်သွယ်၊ ပန်းသော်ကနှယ်သို့၊ စိမ်းတချို့ ၊ ဝါတစ်လီ၊ နီတစ်ထွေဖြင့် လှချင်တိုင်းလှနေကြသော ပြည်ထောင်စုပန်းခင်းကြီးထဲမှ ထွက်ပေါ်လာသည့် ပြည်ထောင်စုစိတ်ဓာတ် ပန်းရနံ့များဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား နော်ဝေနိုင်ငံ သံအမတ်ကြီး လာရောက်တွေ့ဆုံ
နေပြည်တော် အောက်တိုဘာလ ၉ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် အား နော်ဝေနိုင်ငံ သံအမတ်ကြီး H.E.Ms.ToneTinnes သည် ယနေ့ညနေ (၄) နာရီ အချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။